Traveler Blog's
ပြင်ဦးလွင်ရောက်ရင် မဖြစ်မနေဝင်သင့်တဲ့ဆိုင်များ

Image Alternative text

ပြင်ဦးလွင်ရောက်ရင် မဖြစ်မနေဝင်သင့်တဲ့ဆိုင်များ

ပြင်ဦးလွင်က တော့ မြန်မာပြည်အထက်ပိုင်းက ဥရောပဆန်တဲ့ မြို့လေးပါ။ မိုးတွင်း ဒါမှမဟုတ် ဆောင်တွင်းဖြစ်ဖြစ် ရာသီဥတုမရွေးအမြဲခရီးသွားလို့ကောင်းတဲ့မြို့ လို့ဆိုရင်လည်းမမှားပါဘူး။ အစားသောက်ကလည်း ခရီးသွားနဲ့ခွဲလို့မရတဲ့ အရာမို့ ပြင်ဦးလွင်က ဆိုင်ကောင်းလေးတွေကို အစားသောက်ချစ်သူတွေအတွက် ပြောပြပေးလိုက်ပါတယ်။

ဘာရစ်စတာ – ခိုင်ကော်ဖီဆိုင်

ကော်ဖီချစ်သူတွေ ပြင်ဦးလွင်မှာ မဖြစ်မနေဝင်သင့်တဲ့ဆိုင်ပါ။ ဆိုင်နာမည်က ဘာရစ်စတာ-ခိုင်တဲ့။ handmade ကော်ဖီ မျိုးစုံရတယ်။ ကော်ဖီဆိုင်ဆိုပေမယ့် လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တွေလည်း ရပါတယ်။ ဈေးနှုန်းတွေကလည်း တော်တော်သက်သာတယ်။ အပြင်ပန်းအရတော့ ရိုးရိုးရှင်းရှင်းပေမယ့် အရသာကတော့ တကယ်ကောင်းပါတယ်။ ဆိုင်၂နေရာရှိပြီး ၂နေရာလုံး ဒီလိုအရသာပဲဖြစ်ပြီး အရမ်းကောင်းပါတယ်။ သူ့ဆီကကိတ်တွေကို ကော်ဖီနဲ့ မှာစားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဆိုင်လိပ်စာက ပြည်တော်သာလမ်းနဲ့ ဇီဝါကလမ်းထောင့်မှာပါ။


The Taj


The Taj အိန္ဒိယအစားသောက်ဆိုင်က ပြင်ဦးလွင်၊ ကန်တော်လေးကန်အနီး နေရာကောင်းလေးမှာရှိတာပါ။ နန်းမြင့်မျှော်စင်နဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်ကို လည်း လှမ်းမြင်ရတယ်။ ဆိုင်အပြင်ဆင်လေးက လှတယ်။နေရာကလည်း အကျယ်ကြီးမို့ အေးအေးဆေးဆေးရှိပါတယ်။ အိန္ဒိယအစားစာတွေမျိုးစုံရတဲ့အပြင် သက်သက်လွတ်သမားတွေအတွက် ရွေးချယ်စရာတွေများတာကိုတွေ့ရတယ်။ ဆိုင်လိပ်စာက ပြင်ဦးလွင်မြို့၊ နန္ဒာလမ်းမှာပါ။


The club terrace food Lounge


ကိုလိုနီခေတ်က အဆောက်အဦးပုံစံနဲ့ စားသောက်ဆိုင်ပါ။ မြန်မာအစားစာ၊ ထိုင်းအစားစာ၊ တရုတ်အစားစာတွေရနိုင်ပါတယ်။ ဈေးနှုန်းတွေကလည်း သင့်တော်တာမို့ ပြင်ဦးလွင်ရောက်ရင် ဝင်သင့်တဲ့ဆိုင်ထဲမှာ ပါပါတယ်။ ဘေးပတ်ပတ်လည်မှာလည်း အရမ်းလှတဲ့ ဥယျာဉ်လေးလည်းရှိတယ်။ ဆိုင်လိပ်စာက ၅ ရပ်ကွက်၊ ကလပ်လမ်းမှာပါ။


The view restaurant & bar

ပြင်ဦးရောက်ရင် ဒီဆိုင်ကို မဖြစ်မနေဝင်သင့်ပါတယ်။ ဒီ စားသောက်ဆိုင်က တောင်ပေါ်မှာဖွင့်ထားတာပါ။ The view ဆိုတဲ့ အတိုင်းမြင်ရတဲ့ မြင်ကွင်းက တော်တော်မိုက်တယ်။ ချမ်းမြေ့တရားစခန်းနဲ့နီးတယ်။ စိမ်းစိမ်းဆိုဆိုတောင်တန်းတွေနဲ့ ရှုခင်းကကို မြင်နိုင်မှာပါ။ နေဝင်ချိန်ကိုလည်း ကောင်းကောင်းမြင်ရတယ်။ ဓာတ်တော်ချိုင့် ရေတံခွန်နားမှာရှိတာမို့ ဒီဆိုင်းလေးကနေ trekking လည်းသွားလို့ရသေးတယ်။ ဘယ်လောက်မိုက်လဲ။


ကရီရှ်နား ချစ်တီးထမင်းဆိုင်


ကရီရှ်နား South Indian Restaurant ကတော့ ခရီးသွားတွေကြားထဲမှာ လူသိများတဲ့ ချစ်တီးထမင်းဆိုင်လေးပါ။ ချပါတီကို သက်သက်လွတ်စားမလား၊ အသားနဲ့စားမလား ရတယ်။ အိန္ဒိယ မဆလာ လက်ဖက်ရည် လည်းရတယ်။ ဈေးနှုန်းတွေက ကျပ် ၅၀၀ ကနေ ၃၀၀၀ အများဆုံးဆိုတော့ ဈေးသက်သာတယ်။ ဆိုင်လိပ်စာကတော့ ပြင်ဦးလွင်၊ ခေါ်ရခါးလမ်းမှာပါ။


Hot Pot Garden


ဟော့ပေါ့ချစ်သူတွေ လက်မလွတ်သင့်တဲ့ဆိုင်လေးပါ။ ဟောပေါ့ကို အကင်ရော၊ အရည်ရော၊ အပေါင်း၊ အနွေး လေးခုလုံးကို တစ်ခါတည်း စားနိုင်မယ့် လေးထပ်အိုး ပုံစံ နဲ့ရနိုင်မှာပါ။ ဒီအိုးပုံစံလေးကိုတော့ ဘယ်မှာမှမတွေ့ဖူးသေးဘူး။ တစ်ဆက်ကို ၂၅၀၀၀ ကျပါတယ်။ အများဆုံး သုံးယောက်လောက်တော့ စားလို့ရနိုင်တယ်။ ဆိုင်လိပ်စာက ၅ ရပ်ကွက်၊ စန္ဒာလမ်းမှာဖြစ်ပါတယ်။




ကဲ ဒါဆို ပြင်ဦးလွင်ရောက်တဲ့အခါ ဘယ်ဆိုင်တွေမှာ စားရမလဲသိလောက်ပြီပေါ့။ အားလပ်ရက်မှာ ပြင်ဦးလွင်ကို ခရီးထွက်တဲ့အခါ ဈေးသက်သာတဲ့ ပြင်ဦးလွင်ဟိုတယ်တွေကို Book Myanmar Hotels မှာ ဘွတ်ကင်လုပ်လို့ရပြီနော်။

https://bookmyanmarhotels.com

Post Discussion

No Comments yet...

© 2024 Book Myanmar Hotels. All Rights Reserved. Developed By GMBF Group PTE. LTD.