Traveler Blog's
မန္တလေးသွားလည်သင့်တဲ့အချက်ငါးချက်

Image Alternative text

မန္တလေးသွားလည်သင့်တဲ့အချက်ငါးချက်

စီးပွားရေးနဲ့ဘာသာရေးအချက်အချာမြို့ဖြစ်တဲ့ မန္တလေးမြို့ဟာ မငြင်းနိုင်တဲ့ဆွဲဆောင်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ မန္တလေးဟာ တော် ဝင်နန်းတော်ကိုဝန်းရံထားပြီး စက်ဘီးနဲ့မော်တော်ဆိုက်ကယ်များသွားရာ လမ်းများဖြင့်ပြည့်နှက်နေကာ ယဉ်ကျေးမှုအမျိုးမျိုး ထွန်းကားတာကြောင့်နာမည်ကြီးပါတယ်။ မန္တလေးကို ဘာကြောင့်သွားလည်သင့်လဲဆိုတဲ့ အကြောင်းငါးချက်ကိုပြောပြပါမယ်။



၁။ ဘုရားများ


မန္တလေးနှင့်အနီးအနားရှိမြို့တွေဟာ ဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေကြောင့် လူသိများပါတယ်။ မဟာမျက်မုနိနှင့် ကမ္ဘာ့အကြီးဆုံးစာအုပ်ရှိတဲ့ ကုသိုလ်တော်ဘုရား အစရှိတဲ့ တန်ခိုးကြီးဘုရားတွေဟာ မန္တလေးမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ကျွန်းသစ်ဖြင့်သာ တည်ဆောက်ထားတဲ့ ရွှေနန်းတော်ကျောင်း ဟာလည်းမန္တလေးရဲ့ attractions တွေထဲကတစ်ခုပါပဲ။



၂။မန္တလေးတော်ဝင်နန်းတော်

နောက်ဆုံးမြန်မာမင်းဆက်ရဲ့ နန်းတော်ဖြစ်တဲ့ မြနန်းစံကျော်ရွှေနန်းတော်ဟာ မန္တလေးမှာမဖြစ်မနေဝင်လည်ရမဲ့ နေရာတွေထဲကတစ်နေရာဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ အဓိက အမှတ်အသားဖြစ်သလို tourist attraction နေရာတစ်ခုလည်းဖြစ်ပါတယ်။ မြန်မာ့ဗိသုကာလက်ရာနဲ့ တော်ဝင်မျိုးနွယ်တွေရဲ့ ဓလေ့ထုံးတမ်းတွေကိုလေ့လာနိုင်တဲ့ နေရာဖြစ်ပါတယ်။



၃၊။မန္တလေးတောင်နှင့်ရှုခင်းများ

မန္တလေးမြို့တစ်မြို့လုံးရဲ့ ရှုခင်းကိုမြင်နိုင်ပြီး ဘုရားတွေနဲ့ လွှမ်းခြုံထားတဲ့ မန္တလေးတောင်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ နေဝင်ဆည်ဆားကြည့်လို့ကောင်းတဲ့နေရာတွေထဲကတစ်ခုဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ရင်သပ်ရှုမောဖွယ်ကောင်းတဲ့မြင်ကွင်းကို မန္တလေးတောင်ပေါ်ကနေ အပြည့်အဝရှုစားနိုင်မှာဖြစ်ပါတယ်။



၄။ဈေးများ

ဈေးချိုဈေးနဲ့ ကျောက်စိမ်းဈေးဟာလည်းမန္တလေးမြို့ကိုသွားလည်သင့်တဲ့အကြောင်းပြချက်တွေထဲက တစ်ခုပါပဲ။ ဈေးချိုဈေးဟာ   မန္တလေးမြို့ရဲ့ အကြီးဆုံးနဲ့ သက်တမ်းအရှည်ဆုံးဈေးဖြစ်ပါတယ်။ ကျောက်စိမ်းဈေးကတော့ ကျောက်မျက်ရတနာကိုစိတ်ဝင်စားတဲ့လူတွေ သွားသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။